ဆုတောင်း

Posted by စစ် မင်း ညို in Feb 07, 2012, under စာပေ / Essay

ဘုရားသခင် ၊ အိုး… ဘုရားသခင်

ဤလူသည် မြှားတစင်းဖြစ်ရလျှင် ပစ်မှတ်စီ ကိုယ်တိုင်သွားနိုင်သောမြှား ဖြစ်ရပါစေ

ဤလူသည် ဓါးတလက်ဖြစ်ရလျှင် အသက်မနုတ်ရသော အမိန့်တော်ဓါး ဖြစ်ရပါစေ

ဤလူသည် မျက်ရည်တစက်ဖြစ်ရလျှင် ပျော်ရွင်မှုမှလာသော အပြုံးမျက်ရည် ဖြစ်ရပါစေ

ဤလူသည် ဆန်တစေ့ဖြစ်ရလျှင် ဥပုဒ်စောင့်သူတို့ ၀ါထွက်ချိန်စားသောထမင်း ဖြစ်ရပါစေ

ဤလူသည် တိမ်တပွင့်ဖြစ်ရလျှင် မိုးခေါင်ရာအရပ်မှာ ရွာသော မိုးပေါက် ဖြစ်ရပါစေ

ဤလူသည် သစ်တပင်ဖြစ်ရလျှင် နှစ်များစွာ အရိပ်ပေး၊ သစ်သားပေးနိုင်သောအပင် ဖြစ်ရပါစေ

ဤလူသည် သွေးတစက်ဖြစ်ရလျှင် အများတွက် အသက်ပေးသော သူရဲကောင်းသွေး ဖြစ်ရပါစေ

ဤလူသည် ငှက်တကောင်ဖြစ်ရလျှင် ရန်သူ့တပ်ကို ခဲမိုးရွာစေသောငှက် ဖြစ်ရပါစေ

ဤလူသည် စိတ်တပွင့်ဖြစ်ရလျှင် နှစ်တိုင်းပြည် သံတမန်လက်ဆောင်စိန် ဖြစ်ရပါစေ

ဤလူသည် ကြယ်တပွင့်ဖြစ်ရလျှင် လူအများကို လမ်းပြနိုင်သော ၀န်ရိုးစွန်းကြယ် ဖြစ်ရပါစေ

ဤလူသည် မိစ္ဆာတကောင်ဖြစ်ရလျှင် ကောင်းကင်ဘုံထိ ပျံနိုင်သော ခေါင်းဆောင် ဖြစ်ရပါစေ

ဤလူသည် ငါးတကောင်ဖြစ်ရလျှင် အစာစားတိုင်း ဘုရားသခင်ကို တမ်းတသောငါး ဖြစ်ရပါစေ

ဤလူသည် လူတယောက်ဖြစ်ရလျှင် … [ အာမင် ]


// If comments are open, but there are no comments.

Leave a Reply