သူတို့တတွေ

Posted by စစ် မင်း ညို in Jan 26, 2012, under ကဗျာ / Poem

သူတို့တတွေဟာ ဂီတ ၊ ပန်းချီ နဲ့ ရုပ်ရှင်ကို ချစ်တရ်
ဘာဖြစ်လိုဇ်လဲဆိုတော့
သူတို့မှာ မျှော်မြင်ဥာဏ်ရှိတဲ့ မျက်လုံးတွေနဲ့
နုနုယ်တဲ့ အာရုံသိမှုတွေ ရှိပေမရ့်
ဘ၀မှာ ကျေနပ်နှစ်သိမ့်စရာ နည်းနည်းပဲ ရှိလိုဇ်ပဲ

သူတို့တတွေဟာ ပန်းပွင့်တွေ ၊ တူးမြောင်းတွေနဲ့
ဘုံစင်္ကြာတွေကို ချစ်တရ်
ဘာဖြစ်လိုဇ်လဲဆိုတော့
သူတို့မှာ တော်တော်များတဲ့ သောကနဲ့
တော်တော်နည်းတဲ့ ပိုက်ဆံ ရှိလိုဇ်ပဲ

သူတို့တတွေဟာ တောက်ပတဲ့ ပန်းခြံတွေ
မြို့တော်တွေနဲ့ လူစုလူဝေးကို ချစ်တရ်
ဘာဖြစ်လိုဇ်လဲဆိုတော့
သူတို့ရဲ့နေရာတွေဟာ မည်းမှောင်နေပြီး
သူတို့ဟာ နွေးထွေးတဲ့ ခံစားနေထိုင်မှုကို မွတ်သိပ်နေလိုဇ်ပဲ

သူတို့တတွေဟာ တနင်္ဂနွေနေ့တွေ
ရုံးပိတ်ရက်တွေ ၊ စတုဒီတာပွဲတွေကို ချစ်တရ်
ဘာဖြစ်လိုဇ်လဲဆိုတော့
သူတို့ နည်းနည်းလောက် အနားယူချင်လိုဇ် ၊
အစားအသောက်ကောင်းကောင်းနဲ့ ကြုံတောင့်ကြုံခဲ ကြုံချင်လိုဇ်
ပြီးတော့

သူတို့မှာရှိတဲ့ အကောင်းဆုံးအပေါ်အင်္ကျီတွေကို
လျှော်ဖွတ်ပြီးစ ရှပ်အင်္ကျီတွေရဲ့ အပေါ်ကနေ
ထပ်ဝတ်ချင်ကြလိုဇ်ပဲ

ဒါဆို
ငါလဲ မင်းကို ချစ်တရ်
ဘာဖြစ်လိုဇ်လဲဆိုတော့
ငါဟာ အရမ်းအထီးကျန်ဆန်ပြီး ခြောက်သွေ့လိုဇ်
ပြီးတော့
သစ္စာတရားဆိုတာကို ခံစားကြည့်ချင်လိုဇ်ပဲ

ဂျပန်ကဗျာတပုဒ်ပါ ၊ ဘရ်သူဘာသာပြန်ထားတာလဲမသိပါဘူး ၊
ကြိုက်လိုဇ်သိမ်းထားတာ ၇ နှစ်ကျော်ပါပြီ ၊ ခု သတိရလိုဇ် တင်လိုက်တာပါ။


// If comments are open, but there are no comments.

Leave a Reply